ခွေးသေးပန်း (ခ) ကရင်မပန်းဖူး(Billy goat weed)

ခွေးသေးပန်း (ခ) ကရင်မပန်းဖူး(Billy goat weed)
ခွေးသေးပန်း (ခ) ကရင်မပန်းဖူး(Billy goat weed)

Scientific name – Ageratum conyzoides L.

Common name – ခွေးသေးပန်း (ခ) ကရင်မပန်းဖူး(Billy goat weed)

Family – Asteraceae

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံပင်ထောင် အမျိုးအစား ဖြစ်သည်။

တိမ်သောအမြစ်မွှာရှိသည်။ ပင်စည်သည် ၅၀ -၁၅၀၀ မီလီမီတာရှည်သည်။

ကိုင်းဖြာ၍ အမွေးရှိသည်။ အရွက်မျက်နှာပြင်နှစ်ဘက်စလုံးတွင် ထင်ရှား သော ရွက်ကြောရှိပြီး အမွေးပါသည်။

အရွက်ကို ချေကြည့်ပါက ပြင်းထန်သောအနံ့ရှိသည်။

ရွက်ဆိုင် ထွက်သည်။

ဘခွင့်ရှိသည်။ ပန်းခိုင်မှာ ထိပ်ထွက်ရင်းခြား ထိပ်ညီပန်းခိုင်ဖြစ်သည်။

ဦးခေါင်းပုံပန်းခိုင် ၄ -*ခန့်ဖြင့် ဖွဲ့စည်းထားသည်။

အပြာဖျော့ရောင် သို့မဟုတ် အဖြူရောင် သို့မဟုတ် ခရမ်းရောင် ရှိသည်။

အသီးသည် အမြှောင်း သို့မဟုတ် ထောင့်ပါပြီး အနက်ရောင်ရှိသည်။

အဖြူရောင် သို့မဟုတ် နို့နှစ်ရောင် အပေါ်သို့ထောင်နေသော အမွေးကြမ်းခြောက်ခုပါသည်။

အစေ့အားဖြင့် မျိုးပွားသည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ။