ကြက်မောက်ဆူးပျံ (Devil’s horsewhip)

သိပ္ပံအမည် – Achyranthes aspera L
Common name – ကြက်မောက်ဆူးပျံ (Devil’s horsewhip)
Family – Amaranthaceae
အပင်ပုံသဏ္ဌာန်
တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။
ဝ.၈ – ၄ မီတာ ထိမြင့်ပြီး ကိုင်းဖြာသည်။ ပင်စည်အရင်းပိုင်းသည် သစ်မာပုံစံဖြစ်သည်။
အရွက်သည် ကျယ်ပြန့်သော ဘဲဥပုံ သို့မဟုတ် ဥရင်းသွယ်ပုံရှိ၍ အမွေးအနည်းငယ်ပါသည်။
ပန်းခိုင်သည် ထိပ်ထွက်နှင့် ကြားထွက်ပန်းခိုင်ဖြစ်ပြီး ရှည်သည်။
ပန်းခိုင်၏ အဖျားပိုင်းတွင် ပန်းပွင့်များ ပြွတ်သိပ်နေပြီး အရင်းပိုင်းတွင် အနည်းငယ်သာရှိသည်။
အသီးသီးချိန်တွင် ပွင့်ခံရွက်သည် သေးငယ်ချွန်ထက်သော ဆူးပုံရှိသဖြင့် အရာဝတ္ထုတစ်ခုခုနှင့် ပွတ်တိုက်မိပါက ပွင့်ရွက်အုံများ အတန်းလိုက်ပြုတ်ထွက် ငြိတွယ်သွားလေ့ရှိသည်။
အဖြူ သို့မဟုတ် အစိမ်းရောင် အပွင့်ပွင့်သည်။
အသီးသည် အက်ကွဲသီးဖြစ်ပြီး လိမ္မော်ရောင်မှ ခရမ်းနီရောင် သို့မဟုတ် အညိုရောင်တွေ့ရသည်။
အစေ့အားဖြင့် မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
နှစ်ရှည်သီးနှံခင်းများ၊ စားကျက်ခင်းများ။
