တက်ပွတ် /ကခြေသည်မြက် ( Saramolla Grass)

သိပ္ပံအမည် – Ischaemum rugosum Salisb.
Common name – တက်ပွတ် /ကခြေသည်မြက် ( Saramolla Grass)
Family – Poaceae
တစ်နှစ်ခံပင် အမျိုးအစားဖြစ်ပြီး မျိုးစေ့ငုပ်လျိုးနေနိုင်သည်။
အလွန် အသက်ပြင်းပြီး သီးနှံပင်နှင့် ယှဉ်ပြိုင်ကာ အစာကို စုပ်ယူသည်။
ရွက်ဖုံးသည် နီညိုရင့်ရောင်မှ ခရမ်းရောင်ရှိသည်။
စိုစွတ်ပြီး ရေလွှမ်းသော နေရာများကို အလွန်ကြိုက်သည်။
ရွက်ပြားတွင် အနားသေးငယ်သော အမွေးများပါရှိသည်။
ပန်းခိုင်သည် ထိပ်ထွက် (သို့) ကြားထွက်ဖြစ်သည်။
၁မီတာပတ်လည်တွင် ၅ပင်ပေါက်ပါက စပါးအထွက် ၂၅% မှ ၁၀၀% လျော့နည်းနိုင်သည်။
မျိူးစေ့များ အလွယ်တကူ ကြွေကျနိုင်သောကြောင်း မျိုးပြတ်ရန်ခက်သည်။ လယ်စပါးခင်းများတွင် အများဆုံးတွေ့ရသည်။
