ဝါးရုံ/ ကြသောင်းမွှေးမြက် (Swamp millet)

 

 

ဝါးရုံ/ ကြသောင်းမွှေးမြက် (Swamp millet)
ဝါးရုံ/ ကြသောင်းမွှေးမြက် (Swamp millet)

သိပ္ပံအမည် – Isachne globosa ( Thunb.) O. Kuntz.

Common name – Swamp millet

Family – Poaceae


လယ်စပါးခင်းများနှင့် ရေမြောင်းတလျောက်တွင် တွေ့ရသည်။

တစ်နှစ်ခံ (သို့) နှစ်ရှည်ပင်ဖြစ်သည်။

အောက်ပိုင်းအဆစ်များမှ အမြစ်ထွက်သည်။ အရွက်သည် လှံသွားပုံရှိပြီး မျက်နှာပြင်ကြမ်းသည်။

အပေါ်ရွက်ခွံသည် ပါးလွှာပြီး အစင်းကြောင်း ၇-၉ ခုရှိသည်။

အသီးသည် ခွံစပ်တစ်စေ့သီးဖြစ်ပြီး အစေ့နှင့် ပင်ပိုင်းအားဖြင့် မျိုးပွားနိုင်သည်။

စပါးအထွက်နှုန်းကို ၁၀-၅၀ % လျော့ကျစေသည်။