မတ်ပဲ ပဲတီစိမ်း ဖားဥမှိုရောဂါ
ဖားဥမှို သည် သီးပွင့်စတင်ချိန်နှင့် အသီးခူးဆွတ်ချိန်ကာလများတွင်ဆိုးဝါးစွာဖြစ်လေ့ရှိပါသည်။
ပုံမှန်အားဖြင့် မတ်ပဲပဲတီစီမ်းတို့ အပင်ဖြစ်ထွန်းမှုကောင်းလာပြီး မုန်းဆေးများသုံးစွဲမှုများသည်နှင့် အမျှ ကျရောက်လေ့ရှိပါသည်။
ဖားဥမှိုကြောင့် အစာချက်နှုန်းကျသည်နှင့် အမျှ မပြည့်ဝသော အစေ့အဆံများဖြစ်ပေါ်ပြီး ပဲအထွက်နှုန်းကျဆင်းကာ ငွေကြေးဆုံးရှုံးမှုများရလေ့ရှိပါသည်။
ရောဂါလက္ခဏာများ
အစိမ်းရောင်ရှိသော အရွက်မျက်နှာပြင်တွင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ အဖြုရောင် အမှုန်များတွေ့ရမည်။အောက်ပိုင်းအရွက်များတွင် စတင်တွေ့ရပါမည်။
ဖားဥမှိုကျပြီးသော အရွက်များ သည် အရွက်၏ပုံမှန် အစာချက်ခြင်းလုပ်ငန်း ကို ဟန့်တားနှောင့်ယှက်ပါသည်။
ကာကွယ်နှိမ်နင်းနည်း
ဖားဥမှိုကျလျှင် ယူနတီမှိုသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀-၂၀ စီစီနှုန်းဖြင့် တစ်ပင်လုံးနှံ့စပ်အောင်ဖျန်းပါ။
အထူးသဖြင့် အောက်ပိုင်းအရွက်များဆေးထိအောင်ဖျန်းနိုင်ပါက ပိုထိရောက်ပါသည်။
ပုလဲမြေသြဇာသီးသန့်ကျွေးခြင်း၊ အပင်ကြီးထွားမြန် ဟိုမုန်းဆေးများဖျန်းခြင်းအားရောဂါရှိနေစဉ်သုံးခြင်းရှောင်ပါ။
ပေါင်းပင်များသည် ဖားဥမှိုလက်ခံပင်ဖြစ်နိုင်သဖြင့် ပေါင်းရှင်းထားဖို့လိုပါသည်။
ယူနတီဖျန်းခြင်းက ဖားဥမှို ရွက်ပြောက် သံချေး မှည့်ပြောက်စွန်း ရောဂါများနိုင်သည့်အပြင် အရွက်အတွင်း အစိမ်းရောင်ခြယ် ဆဲလ်များ တိုးပွားစေသဖြင့် ပိုမိုစိမ်းလန်း အထွက်တိုးစေပါသည်။
စိုက်ပျိုးရေးဆိုင်ရာနှင့် ပတ်သတ်ပြီး သိရှိလိုသည်များရှိပါက Myanma awba Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
