စိုက်ခင်းဖျက်ပိုးများကို အမြစ်ပြတ်နှိမ်နင်းမည့် ဆိုင်ကလုံး (Cyclone)
စိုက်ခင်းဖျက်ပိုးများကို အမြစ်ပြတ်နှိမ်နှင်းချင်ပါသလား? ဆိုင်ကလုံး ပြန်လာပြီ။
ပဲနှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့် တောင်သူဦးကြီးများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ပိုးမွှားကျရောက်ဖျက်ဆီးမှုပဲဖြစ်ပါတယ်။
စိုက်ခင်းထဲမှာ ပိုးစကျပြီဆိုတာနဲ့ လျှင်မြန်စွာ မနှိမ်နင်းနိုင်ရင် အထွက်နှုန်း သိသိသာသာ လျော့ကျခြင်းနှင့် သီးနှံအရည်အသွေး ညံ့ဖျင်းခြင်းတို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီလိုပြဿနာများကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မည့် “ဆိုင်ကလုံး”(Cyclone) ပိုးသတ်ဆေးဟာ အခုအချိန်မှာ တောင်သူဦးကြီးများထံ ပြန်လည်ရောက်ရှိလို့ လာပြီဖြစ်ပါတယ်
ဆိုင်ကလုံး ပိုးသတ်ဆေး၏ ထူးခြားချက်
၁။မူလလက်ဟောင်း ဆိုင်ကလုံး
ဆိုင်ကလုံးကို မူလနည်းပညာအတိုင်း ဖော်စပ်ထားပြီး Lufenuron (လူဖီနယူရွန်)+ Profenofos (ပရိုဖီနိုဖော့စ်)တို့ပါဝင်ပြီး ထိသေအာနိသင်(Contact )ရှိတဲ့ ပိုးသတ်ဆေးဖြစ်လို့ ပိုးကောင် ဆေးထိသည်နှင့် လျှင်မြန်စွာ သေဆုံးစေလို့ သီးနှံပင်များ ပျက်စီးမှုကို အချိန်မီ တားဆီးပေးနိုင်ပါတယ်။
၂။ ပိုးမျိုးစုံကို တစ်ပြိုင်တည်း နှိမ်နင်းနိုင်ခြင်း
ပဲမျိုးစုံနှင့် သီးနှံတွေမှာ အဓိက ကျရောက်တတ်သော ပိုးမွှားများကို အမြစ်ပြတ်နှိမ်နင်းနိုင်ပါသည် –
- ကိုက်စားပိုးများ: ငမြောင်တောင်၊ ပွင့်ထွေးပိုး၊ ရွက်လိပ်ရွက်ကပ်၊ ခူမွေးရှည်
- စုပ်စားပိုးများ: ပျ၊ လှေး၊ မွှားပင့်ကူ။
၃။အသုံးပြုရမည့် နှုန်းထား
တောင်သူကြီးများအနေဖြင့် အောက်ပါနှုန်းထားအတိုင်း စနစ်တကျ အသုံးပြုနိုင်ပါသည် –
| အကြောင်းအရာ | အသုံးပြုရမည့်နှုန်းထား |
| ဆေးနှုန်းထား | ရေ ၂၀ လီတာ (ဆေးတစ်ပုံး) လျှင် ၄၀-၅၀ စီစီ |
| တစ်ဧကနှုန်းထား | တစ်ဧကလျှင် ဆေးပုံး ၅ ပုံး (၂၀၀-၂၅၀ စီစီ) |
| အသုံးပြုရမည့်အကြိမ်ရေ | ၅ ရက်မှ ၇ ရက်ခြား၍ တစ်ရာသီလျှင် ၂-၃ ကြိမ် |
မှတ်ချက်: ဆိုင်ကလုံးကို သီးနှံသက်တမ်းတစ်လျှောက်လုံးတွင် အသုံးပြုနိုင်ပြီး အခြားသော စိုက်ပျိုးရေးသုံးရွက်ဖျန်းအားဆေးများနှင့်လည်း ရောစပ်အသုံးပြုနိုင်ပါသည်။
၄။ဆိုင်ကလုံးကို အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
- ပိုးကောင်များကို လျှင်မြန်စွာ နှိမ်နင်းနိုင်၍ သီးနှံပျက်စီးမှု နည်းပါးခြင်း။
- တစ်ဧကချင်းစီအတွက် ကုန်ကျစရိတ် သက်သာစေခြင်း။
- အခြားဆေးများနှင့် ရောစပ်ရာတွင် အနည်ထိုင်ခြင်း မရှိဘဲ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း။
- ပိုးမွှားကင်းစင်သောကြောင့် သီးနှံများ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း တိုးစေခြင်း။
၅။အကြံပြုချက်
စိုက်ခင်းဖျက်ပိုးများကြောင့် အထွက်နှုန်းထိခိုက်မှာကို စိုးရိမ်မနေပါနဲ့။ ဖျက်ပိုးမျိုးစုံအမြစ်ပြတ်နှိမ်နင်းမယ့် “ဆိုင်ကလုံး” ကိုသာ ယုံကြည်စိတ်ချစွာ အသုံးပြုလိုက်ပါ။ ပိုးမွှားကင်းစင်ပြီး အောင်မြင်တဲ့ စိုက်ခင်းများကို ပိုင်ဆိုင်နိုင်ဖို့ ဆိုင်ကလုံးက တောင်သူကြီးတို့နဲ့အတူ ရှိနေမှာပါ။ဒါကြောင့်
“ဘာပဲစိုက်စိုက်… ပိုးတွေ့ရင် ဆိုင်ကလုံးကို သတိရလိုက်ပါ”
အသေးစိတ် သိရှိလိုပါက Myanma Awba Facebook Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
